True

အိမ်ပိုင်ရှင်များ မဖြစ်မနေ သိထားသင့်သည့် နေအိမ်အခန်းဖွဲ့ခြင်းဆိုင်ရာ ဗဟုသုတများ

မြို့ပြလူမှုဘဝတွေမှာ တိုက်ခန်းတွေမှာနေထိုင်တဲ့သူတွေများတာဖြစ်တဲ့အလျောက် သမရိုးကျ အခန်းဖွဲ့စည်းမှုပုံစံမျိုးတွေကိုသာ တွေ့ရများလေ့ရှိပါတယ်။

သမရိုးကျအခန်းဖွဲ့စည်းမှုဆိုတာမျိုးကတော့ ယခင် နှစ်တွေတုန်းက ကိုယ့်အိမ်ရဲ့ အိပ်ခန်းကို အထပ်သား၊ ဖော်မီကာ စတာတွေနဲ့သာ ပြုလုပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အထပ်သား၊ ဖော်မီကာ တွေဟာအလွယ်တကူဝယ်ယူရရှိနိုင်တဲ့အပြင် ဈေးလည်းများတဲ့အထဲမှာ မပါပါဘူး။ ဒါတင်ပဲလားဆိုတော့ သူ့ကိုတပ်ဆင်ဖို့ကလည်း  ကျွမ်းကျင်တဲ့သူအထိ မလိုဘဲ တော်ရုံလုပ်တတ် ကိုင်တတ်ရှိသူမျိုးနဲ့လည်း အလွယ်တကူတပ်ဆင်နိုင်တာကြောင့် လူသုံးများတာပဲဖြစ်ပါတယ်။

ဒါပေမယ့် " အရာရာတိုင်းမှာ အားနည်းချက်ဆိုတာရှိတတ်တယ်" ဆိုတဲ့ စကားအတိုင်း အထပ်သားနဲ့ ဖော်မီကာတို့ရဲ့ အဓိက အားနည်းချက်ကတော့ ရေစိုလိုက်မိပြီဆိုတာနဲ့ ချက်ခြင်းပွတက်လာခြင်းနဲ့ ခြအရမ်း စားခြင်းပဲဖြစ်ပါတယ်။

ဟုတ်ပါတယ် တိုက်ခန်းဆိုရင်လည်း အထပ်မြင့်မှာနေတဲ့သူတွေအတွက် သိပ်မသိသာပေမယ့် မြေညီထပ်၊ ပထမထပ် စတဲ့ အထပ်နိမ့်တွေမှာတော့ မြေကြီးရဲ့ အစိုဓာတ်ကြောင့် ခြ တက်ဖို့အရမ်း လွယ်ကူပါတယ်။ ပုံမှန် ခြ သတ်ဆေးဖြန်းခြင်းကလည်း ထိရောက်အောင် မကာကွယ်နိုင်ပါဘူး။ ဒါကတော့ အထပ်သား၊ ဖော်မီကာ အသုံးပြုတဲ့ အိမ်ပိုင်ရှင်တွေ စိတ်အညစ်ရဆုံးအချက်ပါပဲ။


ယနေ့ခေတ်ဟာ နည်းပညာတွေတစ်စတစ်စ တိုးတက်လာတာနဲ့အမျှ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရည်အသွေးမြင့်တဲ့အိမ်ဆောက်ပစ္စည်းတွေ ဈေးကွက်အတွင်း များပြားစွာရောက်ရှိလာတာကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှုအဆင့်အတန်းတွေ ပြောင်းလဲမြင့်မားလာတယ်ဆိုတာကတော့ လုံးဝငြင်းလို့ မရတဲ့အချက်တစ်ချက်ပါ။ အိမ်ပိုင်ရှင်တော်တော်များများကလည်း သူတို့ရဲ့အိမ်လေးတွေကို သပ်သပ်ရပ်ရပ်ပြင်ဆင်လာကြသလို နိုင်ငံတကာစံနှုန်းများအတိုင်း တပ်ဆင်ပေးနိုင်တဲ့ Installer အများစုကလည်း market trend အရ SCG Smartboard, SCG Smartwood စတဲ့ Decorative Product တွေကို ဦးစားပေးလာကြလို့ ကိုယ်က အိမ်ကို ပြန်လည်ပြင်ဆင်ချင်တယ်ဆိုရင်တောင် ကျွမ်းကြင်သူကို ခက်ခက်ခဲခဲရှာနေစရာမလိုတော့ပါဘူး။

ခုနကပြောခဲ့တဲ့ SCG Smartboard, SCG Smartwood စတဲ့ ထုတ်ကုန်တွေကို ဘာလို့ပြောင်းလဲ အသုံးပြုလာကြတာ လဲဆိုတာအတွက်အဓိက အဖြေကတော့ "အိမ်ပိုင်ရှင်တွေကို အဓိက စိတ်ညစ် စေတဲ့ ခြ အန္တရာယ်တွေ၊ ရေစိုမခံခြင်းတွေအပြင် ဈေးကြီးပေးရပြီး အမြင်မှာမလှ" တာတွေကို ဖယ်ရှားပေးနိုင်လို့ပဲဖြစ်ပါတယ်။


SCG Smartboard ကို မျက်နှာကျက်၊ နံရံ၊အခန်းဖွဲ့ခြင်း၊ကြမ်းခင်းများမှအစ အိမ်တွင်းအိမ်ပြင် အလှဆင်ခြင်းများအတွက်ပါ အသုံးပြုနိုင်ရန် ဒီဇိုင်းဖော်ကာထုတ်လုပ်ထားပါတယ်။

အရည်အသွေးမြင့်ဖိုင်ဘာဘိလပ်မြေဘုတ်ပြားဖြစ်တဲ့အတွက်ခြမစားနိုင်၍ ရေစိုခံ၊ရာသီဥတုဒဏ်ခံ နိုင်ကာ ကြာရှည်ခိုင်ခံ့မှုကိုပေးစွမ်းနိုင်တာကြောင့်လူကြီးမင်းတို့ရဲ့နေအိမ်၊ ရုံးခန်း၊ အဆောက်အဦး များအတွက်ယုံကြည် စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် အချိန်မကုန်လူမပန်း အလွယ်တကူတပ်ဆင်နိုင်ခြင်း၊နောင်တွင်ပြင်ဆင်ရန်လွယ်ကူခြင်း၊ သန့်ရှင်းရေးလုပ်ရန်လွယ်ကူခြင်းစတဲ့အချက်များကလည်း SCG Smartboard ရဲ့အားသာချက် တွေပါပဲ။ မျက်နှာကျက်အတွက်ရိုးရိုးမျက်နှာကျက်ဘုတ်ပြားအပြင် အလှဆင်ဘုတ်ပြားများကို လိုင်းပါမျက်နှာကျက်တပ်ဆင်ခြင်း၊ လိုင်းပျောက်မျက်နှာကျက်တပ်ဆင်ခြင်း၊တီဘားမျက်နှာကျက် တပ်ဆင်ခြင်း၊မျက်နှာကျက်အကွေးများတပ်ဆင်ခြင်းအစရှိတဲ့တပ်ဆင်နည်းအမျိုးမျိုးနဲ့အသုံးပြုနိုင်သောကြောင့်မိမိအိမ်မျက်နှာကျက်ကိုစိတ်တိုင်းကျအလှဆင်ပုံဖော်နိုင်ပါတယ်။


SCG Smartwood နဲ့ SCG Smartboard တွေကိုဝယ်ယူချင်တယ်ဆိုရင်တော့ >> Smartwood & Smartboard မှာအလွယ်တကူဝင်ရောက်ဝယ် ယူနိုင်ပါတယ်ခင်ဗျာ။

ဒါကြောင့် အရည်အသွေးမြင့် ထုတ်ကုန်တွေကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို ပျော်ရွှင်စွာဖြတ်သန်းကြပါစို့။



နံရံ ရေယိုစိမ့်ခြင်း အကြောင်းအရင်း များ

To install this Web App in your iPhone/iPad press and then Add to Home Screen.