True

အိပ်ခန်းတစ်ခန်းကို အလှဆင်တော့မယ်ဆိုရင် ဘာတွေ စဉ်းစားထားဖို့ လိုမလဲ

အိပ်ခန်းတစ်ခန်းကို အလှဆင်တော့မယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့🧐 


✔အိပ်ရာပေါ်မှာ လှဲလိုက်တဲ့အခါ မျက်နှာကျက်ကို အမြဲမြင်နေရတာဖြစ်တဲ့အတွက် မျက်နှာကျက်ဆေးသုတ်တဲ့အခါ ကိုယ့်အတွက် စိတ်သက်သာမှုရစေနိုင်တဲ့ အရောင်ဖျော့တွေကို အသုံးပြုသင့်ပါတယ်။ မီးအလှဆင်ရာမှာလည်း အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အတွက် အဝါဖျော့ အပြာဖျော့ စတဲ့ အရောင်များကို ရွေးချယ်သင့်ပါတယ်။ ပိုပြီးထူးခြားအောင် မျက်နှာကြက်မှာ အကွက်ဒီဇိုင်းဖော်တာကို ပြုလုပ်နိုင်ပါတယ်။


✔အိပ်ခန်းနံရံအတွက် အရောင်ရွေးချယ်တော့မယ်ဆိုရင် နူးညံ့ခြင်းနဲ့ အေးဆေးတည်ငြိမ်မှုကို ဖော်ဆောင်တဲ့ အပြာရောင် ပန်းရောင် လာဗင်ဒါရောင် အစိမ်းရောင် အဖြူရောင်စတဲ့ အရောင်တွေကိဦးစားပေးသင့်ပါတယ်။ 


✔ပရိဘောဂထည့်တော့မယ်ဆိုရင်လည်း ကိုယ့်ရဲ့ အခန်းအနေအထားကိုပဲ မူတည်ပြီး အသုံးပြုမယ့် ပစ္စည်းအရွယ်အစားကိုလည်း စဉ်းစားရပါမယ်။ ဥပမာ ကိုယ်က ကုတင်ကို ကြီးကြီးရွေးမိတယ်ဆိုလို့ရှိရင် တခြားပရိဘောဂတွေကို လျော့သင့်ရင် လျော့ရပါမယ်။ ဗီဒိုတွေဆိုလည်း များများထည့်လို့ရအောင် ကြီးတာကြီးတွေဝယ်ထားတော့ အခန်းက နေရာမရှိပဲ ပရိဘောဂတွေနဲ့ပဲ ကျပ်နေရင် အိပ်ခန်းထဲဝင်လိုက်တဲ့အခါ အမောမပြေစေဘဲ စိတ်ကို ပိုပင်ပန်းစေပါတယ်။ 


✔တချို့အိပ်ခန်းတွေမှာ ပြတင်းပေါက်ရှိတဲ့ အတွက် ကန့်လန့်ကာနဲ့ အလှဆင်ကြပါတယ်။ ကန့်လန့်ကာ ဒီဇိုင်းရွေးတဲ့အခါမှာ အရောင်ရင့်ရင့် ထူပိတ်နေတဲ့ အမျိုးအစားထက် ၂ ထပ်ပုံစံ အရောင်နုဒီဇိုင်းနဲ့ အလှဆင်မယ်ဆိုရင် အခန်းကလင်းနေပြီးတော့ ပိုကျယ်သလိုခံစားရမှာ ဖြစ်ပါတယ်။ 



အိမ်ပိုင်ရှင်များ သိထားသင့်တဲ့ အမိုးများ အကြောင်း

To install this Web App in your iPhone/iPad press and then Add to Home Screen.