True

အိမ်ပိုင်ရှင်များ သိထားသင့်တဲ့ အမိုးများ အကြောင်း

နေရာတော်တော်များများမှာ အမိုးအတွက်ဆိုရင် သွပ်ကိုပဲ အများဆုံးအသုံးပြုကြပါတယ်🏘


📌သွပ်မိုးရဲ့ အားနည်းချက်လေးကတော့ အချိန်ကြာလာတဲ့အခါ သံချေးတက်ပြီး ဆွေးမြေ့လာပါမယ်၊ အပူစီးမြန်တဲ့အတွက် ခေါင်နိမ့်တဲ့ အိမ်တွေဆိုရင် အပူဒဏ်ကို တိုက်ရိုက်ခံစားရပြီး မိုးရာသီမှာလည်း ဆူညံသံတွေ ခံစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် သွပ်မိုးကတော့ မကောင်းတဲ့ တစ်ချပ်ကိုပဲ ပြန်အစားထိုးပြီး ပြုပြင်နိုင်တဲ့အတွက် ယနေ့ထိတိုင် အသုံးများတဲ့ ပစ္စည်းဖြစ်လာပါတယ်။ 


ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ အမိုးဒီဇိုင်ပုံစံအမျိုးမျိုးတွေ ဈေးကွက်ထဲဝင်လာတဲ့အခါ လူတွေရဲ့ အကျင့်အရ အသစ်လေးတွေကိုမှ လှတယ် ဆန်းတယ် စမ်းသုံးကြည့်ချင်ကြတော့ ဈေးကွက်ထဲမှာ အသုံးများတဲ့ အမိုးတချို့ရဲ့ အသုံးဝင်မှုတွေကို မျှဝေပေးလိုက်ပါတယ်🤗


👉ကြွေရည်သုတ်အုတ်ကြွပ်အမိုးပြား - Luxury ဆန်တဲ့ Look ရပြီးတော့ အရောင်ကလည်း နှစ်ရှည်ကြာတဲ့အထိခံပါတယ်။ ဆူညံသံ၊ အပူဒဏ်တွေကိုလျော့ချနိုင်ပြီး Self – Cleaning လုပ်နိုင်တဲ့အတွက် မှိုတက်တာတွေကနေလည်း ကင်းဝေးနိုင်ပါတယ်။ 


👉ဖိုင်ဘာဘိလပ်မြေအမိုးပြား - ဒီဇိုင်းစုံ၊ အရောင်စုံ ရွေးချယ်လို့ ရနိုင်ပြီး ကျောက်ဂွမ်းမှုန့်မပါဝင်တဲ့အတွက် အမိုးပြားဖြတ်တဲ့အခါ လွင့်စင်လာတဲ့ အမှုန်အမွှားတွေကြောင့် ကင်ဆာရောဂါဖြစ်ခြင်းမှ ကင်းဝေးနိုင်ပါတယ်။ အပူ နဲ့ အသံဆူညံသံကို လျော့ချနိုင်တဲ့အပြင် ဈေးနှုန်းလည်းသင့်တင့်ပါတယ်။


👉ကွန်ကရစ်အမိုးပြား - အမိုးပြားက သိပ်သည်းကျစ်လစ်တဲ့အတွက် အသံပိုလုံပြီး Weight ရှိတဲ့အတွက်လည်း Structure ပိုတောင့်ဖို့လိုပါတယ်။ အရောင်ဆန်းဆန်းတွေရှိတဲ့ အတွက် ရွေးချယ်စရာလည်း များပါတယ်။ ရေညှိတက်နိုင်တဲ့အတွက် ကြာရှည်ခံအောင် ၃ နှစ် တစ်ခါလောက် အမိုး Maintenance လုပ်သင့်ပါတယ်။ "


အိမ်တစ်အိမ်ရဲ့ ကြမ်းခင်းအတွက် ရွေးချယ်စရာ ကြမ်းခင်းပြားအမျိုးအစား များ

To install this Web App in your iPhone/iPad press and then Add to Home Screen.