True

အိမ်တစ်အိမ်ရဲ့ ကြမ်းခင်းအတွက် ရွေးချယ်စရာ ကြမ်းခင်းပြားအမျိုးအစား များ

"အိမ်တစ်အိမ်ရဲ့ ကြမ်းခင်းအတွက် ဆိုရင် ရွေးချယ်စရာ ကြမ်းခင်းပြားအမျိုးအစားက အမျိုးမျိုးရှိနိုင်ပါတယ်🤔


📌ကြမ်းခင်းရွေးချယ်တော့မယ်ဆိုရင် ဘယ်ကြမ်းခင်းအမျိုးအစားက ဘာအားသာချက်ရှိနိုင်လဲ အားနည်းချက်ကရော ဘာလဲဆိုတာ သိမှ ကိုယ့်အိမ်နဲ့ ကိုက်ညီတဲ့ ကြမ်းခင်းပြားကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 


👉 ကွန်ကရစ်ကြမ်းခင်း/ကြွေပြားကြမ်းခင်း - ကြာရှည်ခံပြီး ခြမစားတဲ့ ကြမ်းခင်းအမျိုးအစားဖြစ်တယ်။ သစ်သားကြမ်းခင်းလိုမျိုး ကြမ်းကျွံတာမဖြစ်စေပေမယ့် ကွန်ကရစ်အက်တာ၊ ကြွေပြားကွဲတာ ကွာတာ ဖြစ်နိုင်တဲ့အတွက် Maintenance ပြုလုပ်ပေးရပါမယ်။ လူကြီးတွေအတွက်တော့ ကြွေပြား (သို့) ကွန်ကရစ် ခင်းထားတဲ့ ကြမ်းခင်းနဲ့ဆိုရင် ရာသီဥတုအေးတဲ့အခါ ကြမ်းခင်းပြားလည်း အေးနိုင်တဲ့အတွက် အထူးဂရုစိုက်ရပါမယ်။ 


👉 သစ်သားကြမ်းခင်း/သစ်သားပါကေး - သစ်သားဆိုတော့ သိတဲ့အတိုင်း ခြစားမယ် ရေစိုမခံဘူး ကြာလာရင် ပွတက်လာမယ် ကြမ်းကျွံတာတွေ ဖြစ်နိုင်တယ် ဒါပေမယ့် သစ်သားက သက်တောင့်သက်သာနဲ့ သဘာဝဆန်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ 


👉 SPC/ ကိုရီးယားပါကေး - ပေါ့ပါးပြီး တပ်ဆင်ရလွယ်ကူတဲ့အပြင် recycle လည်းလုပ်လို့ရတဲ့အတွက် အခုနောက်ပိုင်းမှာ အသုံးများလာတဲ့ ကြမ်းခင်းပြားအမျိုးအစားဖြစ်ပါတယ်။ ဆေးလိပ် (သို့) ခြင်ဆေးထွန်းရာကနေ ကျတဲ့ မီးစကြောင့် အလွယ်တကူ မီးမလောင်ကျွမ်းနိုင်ပါဘူး။ SPC ကြမ်းခင်းက ခြမစား၊ ရေစိုခံ ပေမယ့်လည်း ကိုရီးယားပါကေးကတော့ ရေစိုမခံတဲ့အပြင် ခြလည်းစားပါတယ်။"


သာမာန်အမိုးပြားများနှင့်စလပ်အမိုးများရဲ့ ကွာခြားချက်များ

To install this Web App in your iPhone/iPad press and then Add to Home Screen.