True

သာမာန်အမိုးပြားများနှင့်စလပ်အမိုးများရဲ့ ကွာခြားချက်များ

သာမာန်အမိုးပြားများနှင့်စလပ်အမိုးများရဲ့ ကွာခြားချက်အကြောင်းကို အိမ်ပိုင်ရှင်တွေအတွက် မျှဝေပေးချင်ပါတယ်🤗  .....


👉 သာမာန်အမိုးပြားတွေမှာဆိုရင် ကိုယ်လိုချင်တဲ့ ဒီဇိုင်းမျိုးစုံကို ရွေးချယ်နိုင်တဲ့အပြင် လျင်လျင်မြန်မြန်နဲ့ တပ်ဆင်နိုင်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းအမျိုးအစားကိုလည်း ရွေးချယ်တပ်ဆင်လို့ရပါတယ်။ အမိုးယိုတာတွေဖြစ်လာခဲ့ရင်လည်း လိုအပ်တဲ့နေရာကိုပဲ ပြန်ဖာလို့ရပါတယ်။ အမိုးပြားက ပေါ့တဲ့အတွက် အဆောက်အဦးရဲ့ Structure weight ကိုလည်းလျော့ချနိုင်ပါတယ်။

 ဒါပေမယ့် မိုးရွာတဲ့အခါ သွပ်ပြားမိုးထားရင် အသံမလုံတာတွေ အချိန်ကြာမြင့်တဲ့အခါ ဆွေးတာတွေ ဖြစ်နိုင်ပါတယ်။


👉 စလပ်အမိုးသုံးမယ်ဆိုရင်တော့ ပထမဆုံး Form work လုပ်ငန်းဖြင့် စတင်ပြီး Setting ပြုလုပ်ဖို့အတွက် အချိန်ပေးရပါမယ်။ အသံလုံတဲ့အပြင် အချိန်ကြာလာတဲ့အခါမှာလည်း ဆွေးမြေ့တာတွေမဖြစ်နိုင်ပါဘူး။

ဒါပေမယ့် စလပ်ပေါ်ရေတင်တာတွေ တဖြေးဖြေးများလာတဲ့အခါ ရေယိုစိမ့်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် စလပ်လောင်းကတည်းက water proofing သေချာပြုလုပ်ဖို့လိုပါတယ်။ 

Roof Top ပုံစံလုပ်ထားတာဖြစ်တဲ့အတွက် ရေညှိတက်တာတွေရှိနိုင်လို့ သန့်ရှင်းရေးလည်း လုပ်ပေးဖို့လိုအပ်ပါမယ်။ 

ဒါကြောင့် ကြွေပြားခင်းတာတို့ water proofing ထပ်လုပ်ရတဲ့အတွက်ကြောင့် ကုန်ကျစရိတ်ပိုများနိုင်ပါတယ်။ သို့သော်လည်း ဝရန်တာလေးတစ်ခုလိုဖြစ်တဲ့အတွက်ကြောင့် မိသားစုအတွက်နေရာလေးဖန်တီးနိုင်ပါတယ်။


✨အဲ့တော့ ကိုယ် Life Style နဲ့လိုက်ဖက်မယ့်အမိုးပုံစံကို ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်🥰


အိမ်ပိုင်ရှင်များ မဖြစ်မနေ သိထားသင့်သည့် နေအိမ်အခန်းဖွဲ့ခြင်းဆိုင်ရာ ဗဟုသုတများ

To install this Web App in your iPhone/iPad press and then Add to Home Screen.